လာရောက်လည်ပတ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံးကို ကြိုဆိုပါတယ်။ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့လည်း ပြည့်စုံကြပါစေ။

Wednesday, November 28, 2012

Huawei C8812E ကို အလွယ်ဆုံးနည်းနဲ့ Root ဖောက်ကြည့်ရအောင်။

SHH | 7:53 PM | Best Blogger Tips
Huawei C8812E ကို အလွယ်ဆုံးနည်းနဲ့ Root ဖောက်ကြည့်ရအောင်။





အရင်ဆုံး Computer မှာ Driver သွင်းပြီးသားဖြစ်ရပါမယ်။ ဖုန်းမှာလည်း USB Debugging On ထားပြီးသား ဖြစ်နေပါစေ။
ပထမဆုံး လုပ်ရမှာကတော့ Unlock Code တောင်းရပါမယ်။
http://www.huaweidevice.com/cn/servicePolicy.do?method=preUnlock အဲဒီဆိုဒ်ကို သွားပါ။
ဒီလိုလေးတွေ့ပါမယ်။

 

အောက်မှာ ကျွန်တော် ပြထားသလို ပြင်လိုက်ပါ။

အပေါ်ဆုံးအကွက်က Email ထည့်ရပါမယ်။
 နှစ်ကြောင်းမြောက်မှာက Smart Phone နဲ့ Tablet ကို ရွေးခိုင်းတာပါ။ အခု ကျွန်တော်ပြထားသလို ပြောင်းပေးလိုက်ပါ။
သုံးကြောင်းမြောက်မှာတော့ ကိုယ့်ဖုန်းအမျိုးအစားကိုရွေးပေးပါ။ အခုက C8812E အတွက်ဆိုတော့ အဲဒါကိုရွေးပေးလိုက်ပါ။
လေးကြောင်းမြောက်ကတော့ Serial Number ပါ။ သူ့ကို တွေ့ချင်ရင် ဖုန်းbattery ဖြုတ်ကြည့်ရင် အောက်မျက်နှာပြင်မှာရေးထားပါတယ်။
ငါးကြောင်းမြောက်ကတော့ IMEID ထည့်ရပါမယ်။ *#06# ရိုက်ပြီး ကြည့်ပါ။ နှစ်ခုမှာအပေါ်ကကောင်ကိုပဲ ထည့်ပါမယ်။
ခြောက်ကြောင်းမြောက်ကတော့ Product ID ထည့်ရပါမယ်။ သူ့ကိုကြည့်ဖို့ကတော့*#*#1357946#*#* ကိုရိုက်ပါ။
ဒါတွေ အားလုံးဖြည့်ပြီးရင်တော့ အနီရောင် button လေးကို နှိပ်ပြီး ပို့လိုက်ပါ။ တစ်ရက်၊နှစ်ရက်လောက်တော့ စောင့်ရပါတယ်။
အဆင့်(၃)ဆင့်ရှိပါတယ်။ ပထမအဆင့် Unlock Code ဖြည်ပါမယ်။
Unlock Code ၁၆လုံး ရလာခဲ့ပြီဆိုရင်တော့ CMD သုံးတတ်သူများကတော့ မပြောတော့ပါ။ မသုံးတတ်သူများကတော့ အောက်ကဟာလေးကို ယူပါ။
Mediafire Link >> Download
Box Link >> Download
Megacloud Link >> Download

ဖုန်းကို အရင်ဆုံး fastboot ကို off လုပ်ပါ။ ပြီးရင် ပါဝါပိတ်ပါ။ ၁၀စက္ကန့်လောက်စောင့်ပြီး fastboot (Vol Down + Power ) ၀င်ပါ။ Logo မှာ ရပ်နေတာသေချာရင် ဖုန်းကို Computer မှာ ချိတ်ပါ။ စောနက ဒေါင်းထားတဲ့ကောင်လေးကို Run လိုက်ပါ။ Unlock code ကိုတောင်းပါမယ်။ထည့်ပြီး Enter ခေါက်လိုက်ပါ။
“Are you sure to unlock your Huawei device…….”  ဆိုတာလေးနဲ့ Confirm လုပ်ခိုင်းပါမယ်။ Enter နောက်တစ်ချက်ခေါက်ပြီး စောင့်နေလိုက်ပါ။ ရသွားပါလိမ့်မယ်။Unlock Code ဖြည်တာ ပြီးပါပြီ။
ဒုတိယအဆင့် Recovery သွင်းပါမယ်။
အရင်ဆုံး ဒါလေးကို ယူပါ။
Mediafire Link >> Download
Box Link >> Download
Megacloud Link >> Download
ရလာတဲ့ HuaWei_C8812E_OneKeyTools.exe ကို ဖုန်းကို fastboot ၀င်ထားပြီး run လိုက်ပါ။ Bootloader……Recovery ဆိုတာလေးကို နှိပ်ပါ။ (*****အခြားဘာကိုမှ မနှိပ်ပါရန်။*****) စောင့်နေလိုက်ပါ။ ဖုန်းက Auto Restart ကျသွားပါလိမ့်မယ်။ဒါဆို Recovery ၀င်လို့ ရပါပြီ။
တတိယအဆင့် Root လုပ်ပါတော့မယ်။အောက်ကကောင်လေးကို ယူပါ။
Mediafire Link >> Download
Box Link >>  Download
Megacloud Link >> Download
ရလာတဲ့ကောင်လေးကို ဖုန်းရဲ့ SD ကဒ်ထဲကို ထည့်ပါ။ ပြီးရင် ဖုန်းကို ပါဝါပိတ်ပါ။ ၁၀စက္ကန့်လောက် Battery ဖြုတ်ထားလိုက်ပါ။ ပြီးရင် Recovery Mode ( Vol Up + Power ကို ခပ်ကြာကြာလေးနှိပ်) ၀င်ပါ။ Install zip from sd ရွေးပြီး စောနက ထည့်ထားတဲ့ C8812E-Root.zip ကို ရွေးပေးလိုက်ပါ။ installation Complete ဖြစ်သွားပြီဆိုရင် Back နဲ့ ပြန်ထွက်ပြီး Reboot System Now ကိုနှိပ်ပြီး Restart ချလိုက်ပါ။ ပြန်တက်လာရင်
Root လုပ်တာ ပြီးသွားပါပြီခင်ဗျာ။ ကဲ အားလုံးပဲ အဆင်ပြေကြပါစေ။
***********************WE LOVE SHARING*****************************

ဆက်ဖတ်ရန်>>>