Saturday, March 30, 2013

Dropbox ကို သုံး၍ Share လုပ်နည်း။

ညီတစ်ယောက် မေးတာလေးကို တွေ့မှ မသိတဲ့ ၊မလုပ်တတ်တဲ့ သူတွေ ရှိနေသေးတယ် ဆိုတာလေး သတိထားမိတာနဲ့ ဒါလေးကို ရေးဖြစ်လိုက်တာပါ။ သိပြီးသားသူများအတွက် အသုံးမ၀င်ပေမယ့် မသိသေးတဲ့သူများအတွက်တော့ အသုံးဝင်လို ၀င်ငြားပေါ့ဗျာ။ကဲ ဒါဆို ဘယ်လိုလေးများ Share လုပ်ရမလဲ???? အခုကတော့ Dropbox ကို အသုံးပြုပြီး Share လုပ်ပြပါမယ်နော်။ ပထမဆုံးအနေနဲ့https://www.dropbox.com/ ကို ၀င်လိုက်ပါ။


အပေါ်က ပုံလေးအတိုင်းတွေ့ရပါမယ်။ မင်နီနဲ့ ၀ိုင်းပြထားတဲ့ Sign Up for Dropbox ကို နှိပ်ရပါမယ်။ Register လုပ်ဖို့ပါ။


ပုံမှာ ပြထာတဲ့အတိုင်း လိုအပ်တာများကို ဖြည့်ပြီး မင်နီ ၀ိုင်းပြထားတဲ့ Creat Account ကို နှိပ်ရပါမယ်။


ကဲ အခုဆိုရင် Downloading Dropbox ဆိုပြီး ကျလာပါမယ်။ အောက်ကပုံလိုမျိုး Download ဆွဲခိုင်းပါလိမ့်မယ်။
ဒေါင်းထားလိုက်နော်။ ဒါက Computer မှာ သုံးဖို့အတွက်ပေါ့နော်။


ကဲ ဘာဆက်လုပ်ရမလဲဆိုတာ့ ပုံမှာ ပြထားတယ်နော်။ Dropbox ဆိုတာလေးကို နှိပ်လိုက်ရပါမယ်နော်။ ဖြည့်စွက်ဖို့ ၇ချက် ရှိပါတယ်။ ဖြည့်ချင်လည်း ဖြည့်ပေါ့ မဖြည်လည်း ရတာပါပဲ။


တစ်ခုချင်းစီ ရှင်းပြမယ်နော်။ အခု ပုံမှာ မျှားပြထားတဲ့ဟာလေးကတော့ ပုံမှန် Upload တင်တာပေါ့နော်။


ဒါကတော့ New folder ဆောက်ဖို့ပေါ့နော်။ ဘာအတွက်ဆိုတာ ပုံမှာလည်း ပြောထားပါတယ်။
ဖိုင်ဆိုဒ်ကြီးလို့ Partition ပိုင်းပြီး တင်တဲ့အခါမှာ တစ်ကွဲတစ်ပြားမဖြစ်ဘူးပေါ့။


ဒါကလည်း ရှင်းပါတယ်။ ပုံမှာ ပြောထားသလိုပဲ စောနက ဖိုဒါဖွင့်ပြီး Upload တင်ထားတယ် ဆိုပါစို။ အဲဒီ ဖိုဒါလိုက်ကို Share လုပ်ဖို့ပါ။


ဒါကတော့ ဖျက်ထားတဲ့ ဖိုင်တွေကို ပြန်ကြည့်ဖို့ပါ။ ဆိုရရင် Window မှာ ရှိတဲ့ Recycler နဲ့ သဘောတရား အတူတူပါပဲ။


ကဲ ဒါလေးကတော့ Upload ဆိုတာလေးကို နှိပ်လိုက်ရင် ပေါ်လာမယ့် အနေအထားပါ


ပုံမှာ ပြထားပါတယ်။ ကိုယ် Share လုပ်ချင်တဲ့ ဖိုင်ကို ရွေးပေးဖို့ပါ။


ဒါကတော့ ကိုယ် Share လုပ်မယ့် ဖိုင်ကို ဘယ်လိုရွေးသလဲ ပေါ့။


ဒါက ကိုယ် Share လုပ်ဖို့ ရွေးပေးလိုက်တဲ့ ဖိုင်ကို Upload တင်နေပုံပါ။


ကဲ မိမိ Upload တင်လိုက်တဲ့ ဖိုင်လေး အောင်မြင်စွာ Upload တင်ပြီးတဲ့ ပုံပါ။ Done ကို နှိပ်နော်။


ကဲ တင်လို့တော့ ပြီးသွားပြီ။ ဘယ်လို Share ပေးရမလဲဆိုတာ အပေါ်က ပုံလေးကိုသာ ကြည့်နော်။

ဒီလိုလည်း လုပ်လို့ ရပါတယ်။


Share လုပ်ဖို့အတွက် Share ဆိုတဲ့ button လေးကို နှိပ်ပါ။


Share လုပ်ဖို့အတွက် Link ကို ယူဖို့ရာ Get Link ကို နှိပ်ပါ။


ကဲ အခု ပုံကအတိုင်း စာသားလေးပေါ်လာပြီ ဆိုရင်တော့ Share လုပ်ဖို့ Link ကို Copy ကူးပြီး အသင့်အနေအထားရောက်ပါပြီ။ ဆိုရရင် Upload တဲ့အပိုင်းကတော့ ပြီးပါပြီ။
ကဲ ဒီမှာကတော့ ဒီလိုလေး Share လုပ်လိုက်တယ် ဆိုတာလေးပေါ့နော်။အောင်မြင်စွာ ပြီးဆုံးသွားပြီပေါ့နော်။အားလုံးပဲ အဆင်ပြေကြပါစေနော်။

No comments:

Post a Comment

မိတ်ဆွေတို့ရဲ့ အကြံပေးချက်တစ်ခုက ကျွန်တော်တို့ရဲ့ ရှေ့ဆက်ရမယ့် အင်အားတွေပါ။