လာရောက်လည်ပတ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံးကို ကြိုဆိုပါတယ်။ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့လည်း ပြည့်စုံကြပါစေ။
Showing posts with label Huawei ဖုန်း Root လုပ်နည်းများ. Show all posts
Showing posts with label Huawei ဖုန်း Root လုပ်နည်းများ. Show all posts

Sunday, December 16, 2012

U8825D အတွက် Root လုပ်နည်းလေးဗျာ။

SHH | 3:42 PM | Best Blogger Tips


ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်သေးတဲ့ U8825D အတွက် Root လုပ်နည်းလေးဗျာ။

ပထမဆုံးကတော့ Unlock Code တောင်းရပါမယ်။ အဲ လိုအပ်တဲ့ information လေးတွေတော့ လိုပါမယ်။
1.  Serial Number (သူကတော့ ဖုန်းရဲ့နောက်ကျောဘက် Battery ကို ဖြုတ်ကြည့်လိုက်ရင် တွေ့ရပါမယ်။)
2.  IMEID (သူ့ကို ကြည့်ဖို့ကတော့ ဖုန်းခေါ်တဲ့ Dialpad မှာ *#06# ကို ရိုက်လိုက်ရင် ပေါ်လာတဲ့ စာတန်းနှစ်ခုထဲက အပေါ်က ကောင်ကိုပဲ သုံးရမှာဖြစ်ပါတယ်။)
3.  Product ID (သူ့ကို ကြည့်ဖို့ကတော့ ဖုန်းခေါ်တဲ့ Dialpad မှာ *#*#1357946#*#* ကို ရိုက်လိုက်ရင် တွေ့ရမယ့် ဂဏ္ဍန်း 8 လုံးပါနော်။)
4. Email Address တစ်ခုရယ် ရှိရပါမယ်။
ကဲဒါတွေ ပြည့်စုံပြီ ဆိုရင်တော့ www.huaweidevice.com/cn/servicePolicy.do?method=toApplyUnlock ကို သွားရပါမယ်။
ဒီလိုလေးတွေ့ရပါမယ်။




နောက် Page တစ်ခုကို ရောက်ပါလိမ့်မယ်။ အဲဒီမှာ အောက်မှာကျွန်တော် ပြပေးထားတဲ့အတိုင်း လိုက်ပြင်ပေးရပါမယ်နော်။

ဒါဆိုရပါပြီ။ ကိုယ့်မေးလ်ထဲကို Unlock Code ပြန်ရအောင် စောင့်ရပါတော့မယ်။ သုံးရက်ဝန်းကျင်လောက်ထိ ကြာတတ်ပါတယ်ခင်ဗျာ။
ကိုယ့်မေးလ်ထဲကို Unlock Code ပြန်ရပြီ ဆိုရင်တော့ Root ဖောက်ဖို့ စပါမယ်။အဆင့်သုံးဆင့်ရှိပါတယ်။
အဆင့်(၁)  Unlock ဖြည်ရပါမယ်။ အရေးကြီးတဲ့ ဖုန်းနံပါတ်တွေ Data အားလုံးကို backup ယူထားပါနော်။ ပထမဆုံး လိုအပ်တာလေးကို ယူပါမယ်။  အောက်ကကောင်လေးကို ယူပါ။

Dropbox Link >> Download Here
Box Link >> Download Here
 
ပြီးရင် ဖုန်းမှာ Setting>fastboot ကို Off လုပ်ပါမယ်။ နောက်တစ်ခုက Setting>Developer options ထဲက USB Debugging ကို အမှန်ခြစ်ပေးပါ။ Computer မှာ Driver သွင်းပြီးသားတော့ ဖြစ်ပါစေနော်။ မသွင်းရသေးရင် သွင်းပါ။ မရှိသေးရင် Driverတွေ ဒီမှာ ရှာပါ။  သွားယူပါနော်။
ပြီးသွားပြီဆိုရင်တော့ ဖုန်းကို ပါဝါပိတ်ပါ။ Battery ဖြုတ်ပြီး ၅စက္ကန့်လောက်ထားပါ။ ပြီးရင် Fastboot ၀င်ပါ။ (Vol Down + Power ကို Logo တွင် တန့်နေအောင်ထိ ဖိထားဖို့ကို ပြောတာပါ။)
Logo မှာ ရပ်နေတာ သေချာပြီ ဆိုရင်တော့ ဖုန်းကို Computer နဲ့ ချိတ်လိုက်ပါ။ Desktop ရဲ့ ညာဘက်အောက်ခြေမှာ USB  New device တွေ့ကြောင်း သေချာပါစေနော်။ စောနက ယူထားတဲ့ကောင်လေးကို Run လိုက်ပါ။

Unlock Code 16 လုံးကို ရိုက်ပြီး Enter ခေါက်ပေးလိုက်ပါ။ စောင့်နေလိုက်ပါ။ဖုန်းဟာ Restart ကျသွားပါမယ်။ Auto Cache Clear လုပ်နေပါမယ်။ အဲဒီအတွက် ဖုန်း ပြန်တက်လာရန် ၅မိနစ်ဝန်းကျင်အထိ ကြာမြင့်ပါမယ်။ စိတ်ရှည်ရှည်ထားပြီး စောင့်ပေးပါ။ ပြန်တက်လာရင် ဖုန်းဟာ Factory Reset ချထားသလို Builtin app တွေပဲ ကျန်တော့တာကို တွေ့ရပါမယ်။ Unlock လုပ်ခြင်း ပြီးပါပြီ။
အဆင့်(၂) CWM (Custom Recovery Mode) ကို သွင်းပါမယ်။အောက်ကကောင်လေးကို ယူလိုက်ပါ။

Dropbox Link >> Download Here
Box Link >> Download Here
 
ဖုန်းကို စောနက အဆင့်(၁)မှာ ပြောခဲ့တဲ့အတိုင်း USB Debugging On ပါ။ Fastboot ကို Off ပါ။
ပြီးရင် ဖုန်းကို ပါဝါပိတ်၊ Battery ဖြုတ်ပြီး ၅ စက္ကန့်လောက်ထားပါ။ ပြီးလျှင် Fastboot ကို အဆင့်(၁)ကနည်းအတိုင်း ၀င်ပေးပါနော်။
စောနလေးက ဒေါင်းလို့ ရလာတဲ့ကောင်လေးကို Run လိုက်ပါ။ Waiting for device လို့ ပြအောင်အထိ Enter ကိုပဲရိုက်ပေးလိုက်ပါ။ Waiting for Device ပြနေပြီဆိုရင်တော့ ဖုန်းကို Computer နဲ့ ချိတ်လိုက်ပါ။ Command Box လေးက သူ့ဘာသာ ဆက်လုပ်နေပါမယ်။ ဖုန်းRestart ကျသွားပါမယ်။ CWM သွင်းခြင်း ပြီးပါပြီ။ CWM ကို ၀င်ရန် အဆင့်(၁)ကအတိုင်း ဖုန်းကို ပိတ်ပါ။ (Vol Up + Power) ကို ဖိထားပြီး Recovery Mode သို့ ၀င်နိုင်ပါတယ်။
အဆင့်(၃) Rooting စတင်ပါတော့မယ်နော်။ အောက်ကကောင်လေးကို ယူပါ။

Dropbox Link >> Download Here
Box Link >> Download Here
 
ဒေါင်းလို့ ရလာတဲ့ကောင်ကို zip ဖိုင် အတိုင်း SD Card ထဲကို ထည့်ပါ။ ပြီးရင် ဖုန်းကို ပါဝါပိတ်ပြီး Recovery Mode ကို ၀င်ပါမယ်။ Installed zip from SD ရွေးပါမယ်။(Recovery Mode မှာ Vol down & Vol up = Up & Down, Enter = Power သုံးရပါမယ်။) စောနက ကဒ်ထဲမှာ ထည့်ထားတဲ့ root_u8825d.zip ကို ရွေးပေးပြီး install လုပ်ရပါမယ်။ Complete ဖြစ်သွားပြီ ဆိုရင်တော့ Reboot System Now နဲ့ Reboot လုပ်ပေးလိုက်ပါ။ ပြန်တက်လာရင်ဖြင့် Rooting ပြီးဆုံးပါပြီ။ App Center ထဲမှာ SuperUser လေးကို တွေ့ရပြီပေါ့နော်။
အားလုံးပဲ အဆင်ပြေကြပါစေနော်။

ဒီ Post လေးကို .pdf အနေနဲ့ လိုချင်သူများ ဒီမှာ ယူနိုင်ပါတယ်။
ဆက်ဖတ်ရန်>>>

Friday, December 14, 2012

ကဲ ဒီတခါတော့ ကျနော်တို့  Huawei C8812 လေးကို ဒီဇိုင်းရိုးအီနေကြတဲ့သူတွေ အတွက် Samsung Galaxy S3 rom လေးနဲ့ လန်းကြည့်ကြရအောင်ဗျာ။

Unknown | 6:54 PM | | | Best Blogger Tips
Error လဲ ကင်းပါတယ်။ အရမ်းလည်း လန်းပါတယ်။ အဟဲ ကြော်ငြာနေတယ်တော့ မထင်နဲ့နော်။ ဘယ်လို..ဘယ်လို လန်းသွားလဲ ဆိုတာတော့ တင်ကြည့်လိုက်ရင် သိရမှာပေါ့နော်။




 
လိုအပ်တာလေးတွေတော့ အရင်ဒေါင်းကြရအောင်နော်  ကျနော်ကိုယ်တိုင်စမ်းသပ်ပြီးသားမို့   တင်ကြည့်ကြပါနော်။
(1)  အရင်ဆုံး ကျနော်တို့  huawei driver လေး လိုလိုမယ်မယ် ဒေါင်းမယ်နော်>> Huawei Driver
(2)  ဒါလေးက တော့  CWM လေးပါ > CWMကို ဒီမှာ ယူပါ။
(3)  ဒါက S3 rom ပါ > ဒါလေးက S3 ROM ပါ။
(4)  ဒါလေးက bootloader unlock exe လေးပါ> Download Here
(5)  အဲ့ဒါလေးတွေ အကုန်ဒေါင်းပြီးပြီဆိုရင်တော့  စတင်လို့ ရပါပြီ 
ဖုန်းရဲ့  SD ကဒ်ထဲကို နံပါတ်(3) မှာဒေါင်းထားတဲ့  rom zip လေးကို ဘာဖိုလ်ဒါမှ မဆောက်ပဲ  ဒီတိုင်းလေးကူးထည့်ထားပါ။
huawei driver တင်ပြီးသားလူတွေကတော့ driver ထပ်တင်စရာမလိုပါဘူး  မတင်ရသေးရင်တော့ နံပါတ် (1) မှာ ဒေါင်းထားတာလေး ကို ဖြည်ပြီး ကွန်ပျုတာမှာ  install လုပ်ပေးပါ။ အရင်ဆုံး bootloader unlock လုပ်ပါမယ်  လုပ်ပြီးသားလူတွေကတော့  ဒီအဆင့်မလိုပါဘူး မလုပ်ရသေးရင် နံပါတ်(4) မှာဒေါင်းထားတဲ့ exe ဖိုင်လေးကို  ကွန်ပျုတာမှာ run  ပါ ဖုန်းမှာ usb dubbing on ထားရပါမယ်  အဲ့ ဒီထဲက root ဆိုတဲ့ အောက်က bootloader ဆိုတာလေး နှိပ်ပေးလိုက်ပါ ပြန်ပိတ်သွားရင်ရပါပြီ။   ပြီးရင် recovery တင်ပါမယ်။   ဖုန်းဘက်ထရီခဏဖြုတ်လိုက်ပါ  နံပါတ် (2) မှာ ဒေါင်းထားတဲ့  CWM zip လေးကို ဖြည်ပြီး  အထဲက recovery လေးကို ကွန်ပျုတာမှာ Run ပေးပါ။ ပြီးရင် ဖုန်းမှာ USB dubbing on  ပါဝါပိတ်ပြီး အသံတိုးတာနဲ့ ပါဝါခလုတ်လေးတွဲနှိပ်ထားပါ fast mode ၀င်ပြီး  huawei logo လေးမှာ ရပ်နေပြီဆို ကွန်ပျုတာ နဲ့ချိတ်လိုက်ပါ  ပြီးရင် enter နှစ်ချက်နှီပ်လိုက်ပါ ဖုန်း restart ကျသွားရင် reconery တင်လို့ ပြီးပါပြီ။   အခုဖုန်းကို  ဘက်ထရီဖြုတ်ပြီး အသံကျယ်တာနဲ့ ပါဝါတွဲနှိပ်ထားပါ  တရုပ်လိုတွေ ရေးထားတဲ့  recovery ထဲ ရောက်သွားပါလိမ့်မယ်  အဲ့ ဒီနေရာမှာ .3ကြောင်းမြောက်စာကြောင်း က wipe data factory reset ပါ  အဲ့ဒါလေးရွေးပြီး  နှိပ်လိုက်ပါ  ခဏစောင့်ရပါတယ်  ပြီးရင် (4)ကြောင်းမြောက်က wipe cache ပါ ခုနအတိုင်းပဲ နှီပ်ပေးလိုက်ပါ။ အဲ့ဒါလေးတွေ ပြီးရင့် ခုန sd ကဒ်ထဲက rom ကိုတင်ပါမယ် (5)ကြောင်းမြောက်က စာကြောင်းလေးကိုဝင်လိုက်ရင်  zip ဆိုတဲ့ စာကြောင်းလေးပါတဲ့  စာကြောင်းနောက်တခုတွေ့ ရပါမယ် အဲ့ဒီထဲ ထပ်ဝင်လိုက်ရင်တော့  ခုန rom zip ကို အောက်ဆုံးနားမှာ တွေ့  ရပါလိမ့်မယ်။ ရွေးပြီး install လုပ်ပေးလိုက်ယုံပါပဲ ။  ကဲ  ထိုင်စောင့်နေလို့  ရပါပြီဗျာ  install ပြီးရင် back key လေးနှိပ်ပြီး  ပထမဆုံးစာမျက်နှာလေးရဲ့ အပေါ်ဆုံးစာကြောင်းလေး နှိပ်လိုက်တာနဲ့   ဖုန်းက reboot ကျသွားပါလိမ့်မယ်  ဖုန်း  ပြန်တတ်လာပါလိမ့်မယ်။.  ဖုန်း ပြန်တတ်လာပြီးရင်လဲ  logo မှာ  အခန့် မသင့်ရင် 5 မီနစ်ကနေ 10 မီနစ်ထိကြာတတ်ပါတယ်  စောင့်နေယုံပါပဲ  ။  အားလုံးအဆင်ပြေကြပါစေဗျာ  အမှားပါရင် ခွှင့်လွှတ်ကြပါ။ 

ဒီPost လေးကို .pdf အနေနဲ့ လိုချင်သူများ ဒီမှာ ယူပါနော်။
ဆက်ဖတ်ရန်>>>

Thursday, December 13, 2012

Huawei S8600ကို Root လုပ်နည်း။

ချစ်သူမောင် | 5:16 PM | | Best Blogger Tips




S8600 အလွန်စားတဲ့ဖုံးပါဗျာ2.3.4 နဲ့ Run ခိုင်းပေမယ့်လည်းRoot လုပ်ဖို့ခက်ခဲတာကိုတွေ့ရပါလိမ့်မယ်။
ပထမဦးစွာ setting>>applications>>Development ထဲက့USB Debuging ကို
အမှန်ခြစ်ပေးထားရပါမယ်Root လုပ်နည်းကိုအများနားလည်အောင်ရေးပြပါ့မယ်
သူ့ကို root လုပ်ဖို့အတွက်ဆားဗစ်ကုဒ်
1.*#*#2846579#*#* ကို နှိပ်ပါTest menu>> Project Menu မှ USB port configuration
setting မှ Production mode ကိုရွေးပြီး စက်ကိုရီစတတ်ချရပါမယ်။
2.စက်ပြန်တက်လာတဲ့အချိန်မှာပဲ *#*#2846579#*#*ထပ်ရိုက်ပြီး
Test menu>>>Project menu>>>Log setting ထဲသို့သွား၍ Log on သို့ပြောင်းပေးပါ
Log level မှာ VERBOSE တွင်ထားပါ
ပြီးယင်တော့ root tool ကိုကွန်ပြူတာတွင် run ထားပြီးဖုန်းUSB ဖြင့်ချိတ်ပေးလိုက်ပါ
ပြီးလျင် any key သို့မဟုတ်တွေ့ကရာကီးတစ်ခုနှိပ်ပေးလိုက်ပါ ဖုန်းရီစတတ်ကျသွားပြီး
ပြန်တက်လာသောအခါသင့်ဖုန်းအတွင်းစူပါယူဇာ အိုင်ကွန်တစ်ခုတိုးလာသည်ကိုတွေ့ရမည်
အကယ်၍ မတွေ့ပါက အစအဆုံးထပ်လုပ်ခြင်းဖြင့် ROOT ACCESS ရရှိမည်ဖြစ်သည်
Root Access ရရှိပြီးသည့်အခါ * # * # 2846579 # * # *ကို နှိပ်ပါTest menu>> Project Menu မှ USB port configuration
setting မှ Normal mode ကိုရွေးပြီး စက်ကိုရီစတတ်ချရပါမယ်။

Root software ဒေါင်းရန်

credit to anzi ing forum
အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။

ဒီPost လေးကို .pdf အနေနဲ့ လိုချင်သူများ ဒီမှာ ယူနိုင်ပါတယ်ခင်ဗျာ။
ဆက်ဖတ်ရန်>>>

Monday, December 10, 2012

ဒီတစ်ခါတော့ Huawei C8650+ ကို အမြစ်လှန်ကြည့်ကြရအောင်ဗျာ။

SHH | 3:39 PM | Best Blogger Tips


ဒီတစ်ခါတော့ Huawei C8650+ ကို အမြစ်လှန်ကြည့်ကြရအောင်ဗျာ။




အရင်ဆုံး Driver သွင်းပြီးသား ဖြစ်ပါစေနော်။ထုံးစံအတိုင်း USB Debugging On ထားဖို့လည်း မမေ့ခဲ့နဲ့နော်။

အောက်ကကောင်လေးကိုယူပါ။
Mediafire  Link  >> Download
Megacloud Link >> Download
Box Link  .........>> Download
SugarSync Link >> Download

ဒါလေးကို ဒေါင်းပြီးရင်တော့ ဖိုင်ကို ဖြည်ထားလိုက်ပါခင်ဗျာ။အရင်ဆုံး ဖုန်းရဲ့ Setting ထဲကို ၀င်ပြီး Fastboot ကို Off လုပ်ပါ။ ဖုန်းကို ပါဝါပိတ်ပါ။ Battery ကို ၁၀ စက္ကန့်လောက် ဖြုတ်ထားလိုက်ပါ။ ပြီးရင် Fastboot ၀င်ပါ။ (Fastboot ၀င်ရန် Vol Down + Power ကို ခပ်ကြာကြာနှိပ်ထားပြီး  Logo မှာ တန့်နေတယ်လို့ ခံစားရရင် ရပါပြီ။)။ စောနက ဒေါင်း၍ ရလာသော ဖိုင်ထဲမှ Root ဆိုတာလေးကို Run လိုက်ပါ။ Enter key တစ်ချက်ခေါက်ပါ။ (Waiting For Device) ဆိုတာလေး ပြနေပါမယ်။ ပြီးရင် ဖုန်းကို Computer မှာ ချိတ်ပေးလိုက်ပါ။သူ့ဘာသာ ဆက်လက်လုပ်သွားပါမယ်။ ပြီးသွားရင် Recovery Mode ကို ၀င်ပေးလိုက်ပါ။ ခဏစောင့်ပါ။ Reboot System Now လုပ်ပြီး ဖုန်းကို Reboot လုပ်ပေးလိုက်ပါ။ ပြန်တက်လာလျှင် သင့်ဖုန်းမှာ SuperUser လေး တွေ့ပြီပေါ့ဗျာ။
တစ်ခါတစ်လေမှာ ကိုယ့်ဖုန်းရဲ့ firmware နဲ့ မကိုက်ခဲ့ရင်တော့ Root လို့ အဆင်မပြေပါ။ အဲဒီလို ဖြစ်ခဲ့တယ်ဆိုရင်တော့ အောက်က firmware လေးကို တင်ပြီးမှ Root လုပ်ပါခင်ဗျာ။
Download Firmware
ကဲ အားလုံးပဲ အဆင်ပြေကြပါစေနော်။ ဒီပို့စ်လေးက MMAS မှာ ကိုသီဟကျော် တင်ထားတာလေးပါ။ သူက သေချာ ရှင်းမပြထားလို့ အဆင်မပြေ ဖြစ်နေတဲ့ သူများအတွက် ကျွန်တော် ပြန်လုပ်ပေးတာပါ။ အဲဒီတော့ အဆင်ပြေသွားခဲ့လို့ ကျေးဇူးတင်မယ်ဆိုရင် ကိုသီဟကျော်ကို ကျေးဇူးတင်ပေးကြပါခင်ဗျာ။
။။။။။။။။။။။။။။။။။။။။။။။။WE LOVE SHARING၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

ဒီ Post လေးကို .pdf အနေနဲ့ လိုချင်သူများ ဒီမှာ ယူပါနော်။
ဆက်ဖတ်ရန်>>>