ဒါလေးက သုံးရတာ အတော်လေးကို လွယ်တယ်ဗျာ။ သူ့မှာ အကြိုက်ဆုံးကတော့ Subtitle ထည့်လို့ ရတာပါပဲ။သူ့ကို ဖွင့်ရင် ဒီလိုပေါ်တယ်ဗျာ။
ကဲ ဒါဆိုရင် စလို့ ရပြီဗျာ။ ကိုယ် Burn ချင်တဲ့ Video ဖိုင်တွေကို file menu ထဲက Add video files ( ဒါမှ မဟုတ်) အပေါ်မှာ ပြထားတဲ့ အတိုင်း Box ဘေးနားမှာပါတဲ့ (+) လက္ခဏာလေးကို နှိပ်ပြီး ထည့်။ ကိုယ် လုပ်ချင်တာ ပြောင်းချင်တာတွေကို Setting bar ထဲမှာ အားလုံးပါတယ်။ Subtitle က အစပါတယ်နော်။ အဲ..မေ့တော့မလို့ Subtitle က မိမိရဲ့ မူလ video မှာ ပါပြီးသားဖြစ်မှ ရမှာနော်။ ကျန်တာတွေတော့ စမ်းသာ ကြည့်တော့ဗျာ။
ကျွန်တော့်ကတော့ ဒီလိုလေး လုပ်တယ်ဗျာ။ ကိုယ် လိုချင်တဲ့ video တွေကို Ripper တစ်ခုခုနဲ့ စက်ထဲကိုပြောင်းကတည်းက Subtitle ပါအောင် ပြောင်းထားလိုက်တယ်။ ပြီးတော့မှ ဒီကောင်လေး အားကိုးနဲ့ ကိုယ့်စိတ်ကြိုက် DVD ခွေလေးကို ဖန်တီးယူလိုက်တာပေါ့ဗျာ။ဒါလောက်ဆိုရင်တော့ ရလောက်မှာပါ။ ဒါလေးက ကိုညီနေမင်းဆီက မ လာတဲ့ ဟာလေးနော်။ အဟီး သူက သေချာ ရှင်းမပြနိုင်လို့ ကျွန်တော်က သုံးကြည့်ပြီး မရေမရာ ရှင်းပြတာဗျို့။ ကဲ အောက်က လင့်လေးတွေမှာ အဆင်ပြေတာနဲ့ ဒေါင်းနော်။
Mediafire Link:
Ziddu Link :
Megaupload Link :
No comments:
Post a Comment
မိတ်ဆွေတို့ရဲ့ အကြံပေးချက်တစ်ခုက ကျွန်တော်တို့ရဲ့ ရှေ့ဆက်ရမယ့် အင်အားတွေပါ။