လာရောက်လည်ပတ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံးကို ကြိုဆိုပါတယ်။ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့လည်း ပြည့်စုံကြပါစေ။

Tuesday, December 25, 2012

Huawei U8818 နဲ့ U8815 တွေကို 4.0.3 မှ 2.3.6 သို့ ပြန်ဆင်းနည်း။

SHH | 11:41 AM | Best Blogger Tips
Huawei U8818 နဲ့ U8815 တွေကို 4.0.3 မှ 2.3.6 သို့ ပြန်ဆင်းနည်း။











အရင်ဆုံးကတော့ Just do your own risk! ပေါ့နော်။ သေချာစဉ်းစားပြီး သေချာမှ လုပ်ပါ။
ထပ်ပြောပါမယ် JUST DO YOUR OWN RISK!
အရင်ဆုံး အောက်ကကောင်လေးကို download လုပ်ပါ။
Download>> https://www.sugarsync.com/pf/D0019460_943_94144123
Download>> http://www.mediafire.com/download.php?p58ufjpsr5t096j
Download>> http://mc.tt/d1BB1qPxMLC
အခု အောက်ပြန်ဆင်းချင်တဲ့ 4.0.3 ဟာ Root Access ရရှိပြီးသား ဖြစ်ရပါမယ်။ မဟုတ်သေးရင်တော့ အရင်ဆုံး Root လုပ်လိုက်ပါ။ မိမိ နှစ်သက်ရာနဲ့ Root လုပ်နိုင်ပါတယ်။ အခြားသော နောင်တော်ကြီးများ တင်ပြီးသား ဖြစ်သည့်အတွက် ပြန်မရေးပေးတော့ပါဘူး။ အမြစ်မတူးရသေးတဲ့သူများ ကြိုက်ရာ နည်းလမ်းများဖြင့် အမြစ်တူးပါ။
ကဲ…..အမြစ်တူးပြီးသား ဖြစ်ပြီ ဆိုရင်တော့ ..စမယ်ဗျာ။။။။။။ရယ်ဒီ ၀မ်း…တူး….ဟီး ။
ဒေါင်းလို့ ရတဲ့ကောင်လေးကို zip ဖြည်လိုက်ပါ။ အထဲမှာပါတဲ့ toolbox5irom.apk လေးကို ဖုန်းမှာ install လုပ်ပါ။ ပြီးရင် အဲကောင်လေးကို သုံးပြီး IMEI ကို Backup လုပ်ပါ။(This is important!) အကယ်၍ backup လုပ်တာ မအောင်မြင်ဘူးဆိုရင် သင့်ရဲ့ ဖုန်းဟာ Root Access မရသေးလို့ပဲ ဖြစ်ပါတယ်။
 ဒီနေရာမှာ ကြုံတုံးလေး တစ်ခုလောက်ြေ့ပာပြချင်ပါတယ်။ ကျွန်တော်တို့ Root တယ်။ အမြစ်တူးတယ် ဆိုတာက ရိုးရိုး သာမာန် End User အဆင့်ကနေ Advance User အဖြစ် ပြောင်းလဲ ခံယူလိုက်တာ ဖြစ်ပါတယ်။ အဲဒီလို ယူလိုက်ရင် ဖုန်းမှာ ပါတဲ့ Warranty ပျက်ပါတယ်ခင်ဗျာ။ ဘာလို့လဲဆိုတော့ End User နဲ့ Advance User ရဲ့ အဆင့်ကွားခြားချက်ကြောင့်ပဲ ဖြစ်ပါတယ်။
End User ဆိုတာက သာမာန် အသုံးပြုသူပါ။ သူက နဂိုစက်ရုံထုတ်အတိုင်း အသုံးပြုတာပါ။ ဆိုလိုချင်တာက Android ဖုန်း တစ်လုံးကို သုံးရင် ဖုန်းပြောမယ်။ Builtin ပါတဲ့ App တွေ၊ ဆိုင်က ထည့်ပေးလိုက်တဲ့ ဂိမ်းတွေ ဆော့မယ်။ ကိုယ်ဆော့ချင်တာလေး တွေ့ရင် ဆိုင်မှာ သွားသွင်းမယ် ဆိုတာလောက်ပဲ သိတဲ့၊ သုံးတဲ့ User မျိုးပဲ ဖြစ်ပါတယ်။
Advance User  ဆိုတာကတော့ ကိုယ့်ဖုန်းကို ကိုယ်တိုင် Modify လုပ်နိုင်ပါတယ်။ ကိုယ်တိုင် အမျိုးမျိုး စိတ်ကြိုက် ပြုပြင်ပြောင်းလဲ သုံးစွဲနိုင်တဲ့သူမျိုးတွေပေါ့ဗျာ။ ဆိုရရင် ဖုန်းတော်တော်များများက မြန်မာစာကို Builtin အနေနဲ့ မပါပါဘူး။ အဲဒါကို မြန်မာစာဖောင့်ထည့်သုံးမယ်။အဲဒီလိုထည့်တဲ့နည်းက အမျိုးမျိုး ရှိပါတယ်။ သူ့မှာ နဂို ပါတဲ့ font ကို Modify လုပ်ထားတဲ့ နာမည်တူမြန်မာfont နဲ့ အစားထိုးတယ်။ ဒါမှမဟုတ် zawgyione ကို သွင်းတယ်။ Font Changer သုံးတယ်။ အမျိုးမျိုးသော နည်းလမ်းတွေ ရှိပါတယ်။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ပါစေ။ သူ့ရဲ့ Original System ကို ပြောင်းလဲ လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် Advance User ဆိုတာက End User ထက် အဆင့်ပိုမြင့်ပါတယ်။
ဒီလို ဒီလိုတွေကြောင့် Advance User ဆိုတာက ကိုယ်ကိုယ်တိုင် ပြုပြင်ပြောင်းလဲနိုင်တဲ့အဆင့်ရှိသည်အတွက် Damage Attack တွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် Advance User အဖြစ်ခံယူလိုက်တာနဲ့ တစ်ပြိုင်နက် Warranty က အကျုံးမ၀င်တော့ပါဘူး။
Root လုပ်တာမှာလည်း SuperUser(or) SuperSU app လေး ပေါ်လာတိုင်းလည်း Root Access မရပါဘူး။ အားလုံးမဟုတ်တောင် တစ်ချို့တစ်လေတော့ ကြုံဖူးကြမှာပါ။ အဲဒါဘာကြောင့်လည်းဆိုတော့ SuperUser အလုပ်မလုပ်(မနိုးသေး)လို့ပဲ ဖြစ်ပါတယ်။ ဥပမာပေးရရင်..battery အသစ်တစ်လုံး ၀ယ်တယ်ဗျာ။ တစ်ခါတစ်ရံမှာချက်ချင်း အသုံးပြုလို့ မရသေးဘူး။ Shock တိုက် ပေးလိုက်မှ အလုပ်တဲ့ ပုံစံမျိုးပေါ့ဗျာ။ (ဟီး….SuperUser နိုးဖို့တော့ Shock သွားမတိုက်နဲ့နော်) SuperUser နိုးဖို့ဆိုရင် သူ့ကို version အမြင့် သွင်းပေးလိုက်ပါ။ နိုးလာပါလိမ့်မယ်။
ကဲကဲ…မဆိုင်တာတွေ ထည့်ပြောလိုက်တာ တော်တော်များသွားပြီး ပြန်စမယ်နော်။
Root Access ရပြီးသား ဆိုရင်တော့ toolbox5irom.apk  လေးကို သွင်းလိုက်ပါ။သူ့ကို သုံးဖို့ Root Access တောင်းပါတယ်။ ။IMEI ကို Backup လုပ်ပါ။ ခဏစောင့်ရပါတယ်။ Complete ပြရင် file manager သုံးပြီး SD Card ထဲမှာ 5irom ဆိုတဲ့ ဖိုဒါလေးကို ရှာလိုက်ပါ။ ပြီးရင် အဲဒီဖိုဒါလေးကို imeibackup ဆိုတဲ့နာမည်ကိုပြောင်းပေးပါ။(မိမိနှစ်သက်ရာ နာမည်ကို ပြောင်းနိုင်ပါတယ်)။ နာမည်ပြောင်းပြီးသားကောင်လေးကို Computer မှာလည်း Copy ယူထားပါ။တစ်ခုခု အဆင်မပြေဖြစ်ခဲ့ရင် ယူသုံးလို့ ရအောင်ပါ။အရေးကြီးပါတယ်။ပြီးရင် ဖြည်ထားတဲ့ဖိုဒါထဲမှာပါတဲ့ 5irom ဆိုတဲ့ ဖိုဒါလေးကို SD Card ထဲကို ကူးထည့်ပါ။ ပြီးရင် (*#06#)ကို နှိပ်ပြီး  ဖုန်းရဲ့ IMEI ကို ကြည့်ပြီး ရေးမှတ်ထားစေချင်ပါတယ်။နောက်ပိုင်း ပြန်ပြီး Restore လုပ်တဲ့အခါမှာ ပြန်စစ်ကြည့်ဖို့ပါ။
ကဲ…….အပေါ်က အဆင့်တွေကို တစ်ဆင့်ချင်း သေချာ လုပ်ပြီးပြီလား ဆိုတာလေး ပြန်စစ်ပါ။နောက်ပြီး နောက်ဆုတ်ချင်ရင်လည်း ဒီအချိန်မှာ နောက်ဆုတ်လို့ ရပါတယ်။
ကဲ..ဆက်မယ်နော်။သွင်းထားတဲ့ Toolbox5irom ကို ဖွင့်ပြီး IMEI Restore လုပ်လိုက်ပါ။ Complete ဖြစ်သွားပြီလို့ ပြတာနဲ့ ဖုန်းကို Restart ချပေးလိုက်ပါ။ပြီးရင် IMEI ကို တစ်ချက်ပြန်စစ်ပါ။ 0 ဒါမှမဟုတ် စောနက မှတ်ထားခဲ့တဲ့ သင်ရဲ့ ကိုယ်ပိုင် IMEI မဟုတ်တော့တာ တွေ့ရပါလိမ့်မယ်။ ဖုန်းခေါ်ကြည့်ရင်တော့ SIM Cardကို သိမှာ မဟုတ်ပါဘူးနော်။System Busy နဲ့ပဲ တွေ့နေမှာပါ…..ဟိဟ။ိ
ကဲပြီးရင်တော့ 2.3.6 Official Firmware ကို ဒေါင်းထားပါ။ ဒီနေရာမှာ တစ်ခုပြောချင်တာက build no. နောက်ဆုံးက Bxxx နဲ့ ဆုံးတဲ့ကောင်ကိုပဲ သုံးစေချင်ပါတယ်။ အခြား SPxxx နဲ့ဆုံးတဲ့ကောင်တွေက စက်တိုင်းနဲ့ အဆင်မပြေတတ်လို့ပါ။ ပြီးရင် ထုံးစံအတိုင်းပေါ့နော်။ Firmware ဒေါင်းပြီးမှတော့ ဘာလုပ်ရမလဲ မေးမနေပါနဲ့။ Firmware တင်လိုက်ပါ။ တင်ပုံတင်နည်းကတော့ ထုံးစံအတိုင်း dload ဖိုဒါလေးထဲမှာ UPDATE.APP ဟုတ်ရဲ့လား စစ်။ဟုတ်တယ်ဆိုရင် dload ဖိုဒါလေးကို SD Card ထဲကိုထည့်။ ဖုန်းကို ပါဝါပိတ်။ဘက်ထရီကို ၁၀စက္ကန့်လောက် ဖြုတ်ထား။ ပြီးရင် ပြန်တပ်။ (Vol Down +Vol Up+Power) သုံးခုလုံးကို တစ်ပြိုင်တည်း ဖိနှိပ်။ဒါမှ မဟုတ် ဖုန်းကို ပါဝါဖွင့်ထား။Setting>Storage>Software Upgrade ဆိုတာကနေ တင်ပါ။ Step 1 Unpacking ဆိုတာကနေ စပြီး သူ့ဘာသာ လုပ်သွားမယ်။ Auto Restart ကျသွားပြီး ပြန်တက်လာတာနဲ့ Firmware တင်တာ ပြီးပြီပေါ့နော်။
Root လုပ်ပါ။ Root Access ရတာနဲ့ Toolbox5irom.apk လေးကို install လုပ်ပါ။ စောနလေးက imeibackup လို့ နာမည်ပြောင်းထားတဲ့ ကောင်လေးကို 5irom ဆိုပြီး မူလ နာမည်ကို ပြန်ပြောင်းပေးပါ။ ပြီးရင် Toolbox5irom ကိုဖွင့်။ IMEI Restore လုပ်လိုက်ပါ။ Complete ပြတာနဲ့ Restart ချပေးပါနော်။(လုံးဝမမေ့ပါနဲ့)။ပြန်တက်လာရင် (*#06#) နဲ့ IMEI ကို ပြန်စစ်လိုက်ပါ။ နဂိုမူလ ကိုယ့်ရဲ့ ကိုယ်ပိုင် IMEI ဖြစ်သွားပြီ ဆိုရင်တော့ Downgrade ဆင်းတာ အောင်မြင်သွားပါပြီ။ version လေးကို လည်း ကြည့်ကြည့်ပါအုံး 2.3.6 ဟုတ်မှ ဟုတ်ရဲ့လားလို့ :P ။ဖုန်းပြန်ခေါ်လို့လည်းရပါပြီနော်။
အားလုံးပဲ အဆင်ပြေကြပါစေနော်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။WE LOVE SHARING။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဆက်ဖတ်ရန်>>>

iOs 5.0.1 ကို Jailbreak လုပ်မယ် .....။

Anonymous | 11:31 AM | Best Blogger Tips
ဒီတခါ iOs 5.0.1 တင်ထားတဲ့ iPhone 4G ကို Jailbreak လုပ်ပါမယ် ..... ။
ပထမဆုံး 5.0.1 firmware ကို ဒီမှာဒေါင်းလိုက်ပါ ..... >>>>> iOs firmwares
ပီးရင် jailbreak လုပ်ရမယ့် Red Sn0w ကို ဒီမှာဒေါင်းပါ ..... >>>>> redsn0w
iTune ရော လိုသေးလား မသိဘူး လိုရင် ဒီမှာ ယူလိုက်ပါ ..... >>>>> itune

Step 1: iPhone ကို ကွန်ပျူတာနဲ့ချိတ်လိုက်ပါ ......ပီးရင် iTune ဖွင့်ပီး iOs 5.0.1 ကို restore လုပ်ပါ .... (5.0.1 ရှိပီးသားဆို ဒီအဆင့်ကျော်လိုက်ပါခင်ဗျာ)
Step 2: Redsn0w 0.9.10 b1 ကို run လိုက်ပါ ..,  ပီးရင်  "Jailbreak" button လေးကိုနှိပ်လိုက်ပါ ....။
(ကျွန်တော် Mac က ပုံလေးတွေကိုပြမယ်နော် Windows နဲ့တူတူပါပဲ)....

Step 3:“Cydia”ကို click ပီး Nexe >ကို နှိပ်လိုက်ပါ .........
Step 4: အောက်က ပုံလေး အတိုင်းပေါ်လာလိမ့်မယ် Next ကိုနှိပ်ပါ ........ ဒီအဆင့်မှာ ကျွန်တော်တို့ DFU mode ၀င်ရမှာဖြစ်ပါတယ် ........ ။
DFU mode ၀င်နည်းကတော့ ထုံးစံအတိုင်း သူပြောတဲ့အတိုင်းပေါ့
>>>>>    ( power ခလုတ်ကို 2စက္ကန့်ဖိနှိပ်ထားပါ ...။ ပီးရင် power နဲ့ home ကို ဆယ်စက္ကန့်တွဲနှိပ်ထားပါ ....။ ပီးရင် power ကို လွှတ်ပီး home တစ်ခုထဲ ၁၅စက္ကန့် DFU mode ထဲရောက်တဲ့ အထိ ဖိနှိပ်ထားပါ ... ။ညွှန်ကြားချက်အတိုင်း မပြည့်စုံပါက နောက်တစ်ခေါက်ပြန်လုပ်ပါ ....။ ) <<<<<
Strep 5: Redsn0w စတင်အလုပ်လုပ်ပါလိမ့်မယ် ......... ခဏလေးစောင့်ပီးသွားရင် jailbreak လုပ်တာ အောင်မြင်ပါပီခင်ဗျာ ............. အဆင်ပြေကြပါစေ ........ ။။။။။
ဆက်ဖတ်ရန်>>>

Monday, December 24, 2012

Android ဖုန်းတွေမှာ Custom Rom တင်နည်းများ

ချစ်သူမောင် | 9:00 PM | | Best Blogger Tips

















U8950D Sony Xperia Rom
U8950D S3 Rom
U8950D CM 10 interface rom

ကဲပါဗျ  Rom လင့်လေးတွေပေးပြီး တင်နည်းမပြောပြလို့အားလုံးစိတ်ကွက်
နေကြပါဦးမယ် ဘာပဲဖြစ်ဖြစ်နည်းလမ်းကျအောင်ပို့စ်လေး တစ်ခုတော့ဖြစ်ညှစ်ရေး
လိုက်ပါ့မယ်ဗျာ Huawei phone တွေအတွက် rom တင်ဖို့လိုအပ်တာကတော့
CWM ခေါ် ရီကာဗာရီမုဒ်ပါပဲ ရီကာဗာရီမုဒ် ၀င်လို့မရလို့အော်နေကြသူများလည်း
သတိထားသင့်ပါတယ် Recovery mod မှာ Stock recovery နဲ့ကျွန်တော်တို့
တတွေဖုန်းတစ်လုံးကိုလုပ်ချင်သလိုလုပ်လို့ရအောင် အပြင်ကနေသွင်းတဲ့ Recovery
mod ဆိုပြီးရှိပါတယ် အခု Huawei U8950D ကိုအဓိကထားပြီးပြောပါ့မယ်

Huawei U8950D/C8950D ရီကာဗာရီဝင်ရန်

ဒေါင်းလို့ရလာတဲ့ ဆော့ဝဲကိုဇစ်ဖြည်ပြီးကွန်ပြူတာမှာ run ထားပေးပါ



ဖုန်းကိုပါဝါမပိတ်ခင် setting ထဲမှာရှိတဲ့ firstboot mod ကိုပိတ်ပေးပါ
ပါဝါပိတ်ပါ သေချာအောင်ဓါတ်ခဲဖြုတ်လိုက်ပါ ၁၅ စက္ကန့် လောက် ထားပြီး
ဓါတ်ခဲပြန်တပ်ပါ  ပြီးယင် Vol down + Power နှစ်ခုတွဲနှိပ်ပါ Huawei logo
မှာရပ်ပြီးနေပါလိမ့်မယ် အဲဒီအချိန်မှာပဲ ကွန်ပြူတာနဲ့ဖုန်းကိုယူအက်စဘီထိုးပြီးချိတ်လိုက်ပါ  Command box အလုပ်လုပ်
နေတာတွေ့ရပါလိမ့်မယ် ပြီးယင် ရပ်သွားပါလိမ့်မယ်ကွန်ပြူတာက ကီးတစ်ခုခု
နှိပ်လိုက်ပါ command box ပျောက်သွားပါလိမ့်မယ် ဖုန်းကိုယူအက်စဘီမှဖြုတ်ပါ
ဓါတ်ခဲဖြုတ်ပါ ပြီးလျှင်ဓါတ်ခဲပြန်တပ်ပြီး Voi up+ Power တွဲပြီးစက္ကန့် နှစ်ဆယ်ခန့်
နှိပ်ထားပေးပါ အောက်ပါစာကြောင်းများပေါ်လာမည်။

--reboot system now 重启系统
--apply sdcard:update.zip 使用SD卡根目录的update.zip更新系统
--wipe data/factory reset 清空data分区并恢复出厂设置
--wipe cache partition 清空cache分区
--install zip from sdcard 从SDcard选择文件更新系统
--apply sdcard:update.zip 使用SD卡根目录的update.zip 更新系统
--choose zip from sdcard 从SD卡选择zip格式升级包
--toggle signature verification 切换签名验证
--toggle script asserts 切换升级脚本检查
--backup and restore 备份和恢复
--Backup 备份
--Restore 恢复
--Advanced Restore 高级恢复
--mounts and storage 挂载和存储
ထိုအခါရီကာဗာရီမုဒ်ထဲသို့ရောက်ရှိပြီဖြစ်ပါသည်။


rom တင်ရန် မိမိဒေါင်းထားသော rom zip  ကို မိမိဖုန်းအတွင်းရှိ မိုက်ကရိုအက်စဒီ
ကဒ်အတွင်းသို့ (မည်သည့်ဖိုဒါအောက်တွင်မှမထားပဲ )
ကူးထည့်ထားပေးပါ။
ဖုန်းတွင်ပြန်တပ်ပြီးရီကာဗာရီမုဒ်ထဲသို့ဝင်ပါ ။
ပထမဦးစွာ wipe data/factory reset လုပ်ပေးပါ ပြောစရာကျန်ခဲ့ပါသည် ရီကာဗာရီမုဒ်ထဲသို့ရောက်သောအခါ touch အသုံးပြု၍ မရတော့ပါ volup =အပေါ်သို့ရွှေ့ခြင်း vol down = အောက်သို့ရွှေ့ခြင်း power key = Enter
ဖြစ်ပါသည် ။
ဒုတိယအနေဖြင့်wipe cache partition လုပ် ပေးပါ ။ပြီးလျှင်--mounts and storage ထဲသို့ဝင်ပါ
--mount /system 挂载/system分区(系统分区)
--mount /data 挂载/data分区(数据分区)
--mount /cache 挂载/cache分区(缓存分区)
--mount /sd-ext 挂载/sd-ext分区(A2SD分区)
--format boot 格式化内核分区
--format system 格式化系统分区
--format data 格式化数据分区
--format cache 格式化缓存分区
--format sdcard 格式化存储卡
--format sd-ext 格式化内存卡SD
--mount USB storage 挂载SD卡为U盘模式
format system လုပ်ပေးပါ အားလုံးပြီးစီးလျှင်  apply sdcard:update.zip ကိုရွေးပေးပါ ထိုအထဲမှမိမိ ကူးထည့်ထားသော rom zip ကိုရွေးပေးပါ အချိန်နှစ်မိနစ်ခန့်စောင့်ပါ ပြီးလျှင် ပြီးကြောင်းပေါ်လာမည်  ထိုအခါ
reboot system now

ကိုရွေးပေးလိုက်ပါ မိမိဒေါင်းထားသော rom လေး လှပစွာမိမိဖုန်းတွင်အသက်ဝင်နေသည်ကိုတွေ့ရမည် ဖြစ်သည်။ တနေ့ဖုန်းတစ်လုံး
မ၀ယ်ချင်သော်လည်း တနေ့ရွန်အသစ်interface အသစ်တစ်ခုတင်၍ ပျော်ရွှင်နိုင်ကြပါစေ။

ဆက်ဖတ်ရန်>>>

Video player app အလန်းလေးပါ

Dandy | 8:25 PM | Best Blogger Tips

Android devices တွေမှာ video ကြည့်ရင်း
Facebook သုံးလို့ရသလို Game တောင်ကစား
ချင်ရင်ကစားလို့ရပါတယ်
တော်တော်လန်းတဲ့ app လေးပါ
ဒီမှာဒေါင်းနိုင်ပါပြီ
click me to download

ဆက်ဖတ်ရန်>>>

Sunday, December 23, 2012

U8825D အတွက် firmware လေးတွေ။

SHH | 4:39 PM | Best Blogger Tips
U8825D ကို Firmware ဒေါင်းလို့ မရ၊ Update failed ဖြစ်နေသူများ အဆင်ပြေအောင် ရှာဖွေတွေ့ရှိတာလေးကို တင်ပေးလိုက်ပါတယ်။

ဒေါင်းနည်းလေးကို ပုံလေးနဲ့ ရှင်းပြပေးထားပါတယ်နော်။


                           


 ဒါကတော့ B956 အတွက်ပါ။        Download Here
ဒါကတော့  B953 အတွက်ပါ။        Download Here

ကဲ အားလုံးပဲ အဆင်ပြေကြပါစေနော်။
ဆက်ဖတ်ရန်>>>

BSPlayer

Anonymous | 12:27 PM | Best Blogger Tips
တော်တော်လန်းတဲ့  အသွင်အပြင်ဒီဇိုင်းနဲ့  အသစ်ထွက် BS Player လေးပါ ။ Android Version 4.0+နဲ့  အထက်မှာ အသုံးပြုနိုင်မှာပါ ဘယ်လိုလန်းသလဲ ဆိုတာ Screen Shot တွေနဲ့  ကြည့်ပါဗျ။



                                         လိုချင်သူများ အောက်မှာဒေါင်းနိုင်ပါတယ်ဗျ။
                                                              Download

ဆက်ဖတ်ရန်>>>

Earth HD Deluxe Edition

Anonymous | 12:07 PM | Best Blogger Tips
ဒါလေးကတော့ ကမ္ဘာလုံးပုံစံ Livewallpaper လေးပါ လိုချင်သူများ ဒေါင်းနိုင်ပါတယ်ဗျ။





အောက်တွင်ဒေါင်းနိုင်ပါတယ်


ဆက်ဖတ်ရန်>>>

Ultimate Call Screen HD Pro

Anonymous | 11:50 AM | Best Blogger Tips




ဒီ Application လေးကတော့ သိပ်ပြောပြဖို့  မလို့ ဘူး ထင်ပါတယ်ဗျ။ အောက်က Screen Shot လေးတွေကြည့်လိုက်ယုံနဲ့  ဘယ်လိုလေး အသုံးပြုနိုင်တယ်ဆိုတာ သဘောပေါက်ကြမှာပါဗျ။
အောက်မှာလေ့လာကြည့်ပါဗျ။












Required Android O/S : 2.1+ နဲ့  အထက်မှာ အသုံးပြုနိုင်ပါတယ်။
                                         အောက်မှာဒေါင်းပါ
                                         Downlaod
ဆက်ဖတ်ရန်>>>

Ski Challenge

Anonymous | 11:36 AM | Best Blogger Tips






အမိုက်စား နှင်းလျှောစီး စတန့် Game လေးပါ တော်တော်လေးဆော့လို့ ကောင်းပါတယ် ဘယ်လိုလန်းတယ်ဆိုတာ အောက်မှာ Screen shot လေးတွေကြည့်ပြီးလေ့လာကြည့်ပါဗျ။











                                                       အောက်မှာဒေါင်းပါ
                                                          Downlaod
ဆက်ဖတ်ရန်>>>

Saturday, December 22, 2012

iPhone 3gs jailbreak လုပ်နည်း

Anonymous | 4:30 PM | Best Blogger Tips
3gs  iOs version 6.0 ကို jailbreak လုပ်ပါမယ် .............. ။

ပမထဆုံး redsn0w နောက်ဆုံးဗားရှင်းကို ဒီမှာဒေါင်းပါ ....>>> redsn0w
iOs 6.0 ကိုဒီမှာဒေါင်းပါ ....>>> 6.0 firmware 
ပီးရင် redsn0w ကို ဖိုဒါတစ်ခုထဲမှာ zip ဖြေထားပါ ... ။ firmware ကိုလည်း အဲဖိုဒါထဲမှာပဲထည့်ထားနော် ...။
ပီးရင် iTune ကိုဖွင့်ပါ မိမိ device ကိုရွေးပီး Shift + restore ကိုနှိပ်ပါ ။.....


ပီးရင် firmware ထည့်ထားတဲ့ folder ထဲက firmware ကိုရွေးပီးနှိပ်လိုက်ပါ ။။။။။။။။
 iTune ကနေ firmware ကို update လုပ်ပါလိမ့်မယ် ... ။
update ပီးသွားရင် redsn0w ကို အောက်မှာပြထားတဲ့အတိုင်း run as adminstrator နဲ့ဖွင့်လိုက်ပါ ..... ။

redsn0w က extra ကို နှိပ်ပါ................။
Even more ကိုနှိပ်ပါ ........ ။
restore ကို နှိပ်ပါ ..... ။
 IPSW ကိုနှိပ်ပါ ...........
firmware လေး ရွေးပေးလိုက်ပါ .....။
Yes ကိုနှိပ်ပါ ..... ။
Ok ကို နှိပ်ပါ ..... ။
back ပြန်သွားလိုက်ပါ ............ 
ပီးရင် jailbreak ကိုနှိပ်ပါ ............ 
Next ကိုနှိပ်ပါ .. ပီးရင် DFU mode ၀င်ရမှာဖြစ်ပါတယ်ခင်ဗျာ .... ။DFU mode ဆိုတာ iPhone screen black screen ဖြစ်သွားတာကိုခေါ်တာဖြစ်ပါတယ် ... (ပါဝါပိတ်သွားခြင်းမဟုတ်ပါ)...။ DFU mode ထဲဝင်ဖို့အတွက် ညွှန်ကြားချက်တိုင်း ဆောင်ရွက်ပါ .... Next ကိုနှိပ်ပီးတာနဲ့ power ခလုတ်ကို 2စက္ကန့်ဖိနှိပ်ထားပါ ...။ ပီးရင် power နဲ့ home ကို ဆယ်စက္ကန့်တွဲနှိပ်ထားပါ ....။ ပီးရင် power ကို လွှတ်ပီး home တစ်ခုထဲ ၁၅စက္ကန့် DFU mode ထဲရောက်တဲ့ အထိ ဖိနှိပ်ထားပါ ... ။ညွှန်ကြားချက်အတိုင်း မပြည့်စုံပါက နောက်တစ်ခေါက်ပြန်လုပ်ပါ ....။ DFU mode ဖြစ်သွားတာနဲ့ redsn0w အလုပ်လုပ်ပါလိမ့်မယ် ...။ ပီးရင် ဒါမျိုးလေးပေါ်လာပါလိမ့်မယ် ..... ။
Install Cydia တစ်ခုပဲ အမှန်ခြစ်ပီး ... Next ကိုနှိပ်လိုက်ပါ ........... ။ Jailbreak လုပ်ငန်းစဉ်စတင်လုပ်ပါလိမ့်မယ် .....။ အကုန်ပီးသွားရင်တော့ မိမိ iPhone ထဲမှာ Cydia Icon လေးတစ်ခုကိုတွေ့ရပါလိမ့်မယ် ..... ။ jailbreak လုပ်ငန်းစဉ်ပီးပါပီခင်ဗျာ ..... အဆင်ပြေပါစေ ...။ အဆင်မပြေတာတွေရှိရင် အောက်မှာ commend ပေးခဲ့ပါ ....... ။  :)
ဆက်ဖတ်ရန်>>>