Google ရဲ့ Play Store ကို ၁ မိနစ်အတွင်း ယူခုလုပ် ယခုဝင် ယခု ဒေါင်းမယ်(Credited by Mc Rap@MMUG)
ဒါက Latest Edition ပါ
လုပ်နည်းကလွယ်ပါတယ်
ဒါပေမဲ့ Root လုပ်ထားရဆဲဖြစ်နေပါသေးတယ်--
မိတ်ဆွေတို့ အားလုံး 1 mobile market ရှိမယ် ထင်ပါတယ်
အဲ့ထဲ မှာ Market unlocker လို့ ရှာ ပြီးဒေါင်းလိုက်ပါ
တစ်ချို့ လုပ်နေဆဲ တွေဆို Market unlocker pro တွေတောင် ရှိနေဆဲဖြစ်ပါတယ်
အဲဒါဆို ဒေါင်းစရာ မလိုတော့ပါဘူး
root လုပ်ထားရတာကတော့ အဲ့ဒီ Market Unlocker ၀င်ဖို့အတွက် ပဲဖြစ်ပါတယ်
ကဲ အဲ့ဒါကို ဒေါင်းပြီးရင် ထားလိုက်ပါဦး
သွားမရှာချင်ဘူးဆိုရင် တော့ အောက်က Direck link မှာ ယူဒေါင်းလိုက်ပါ
link - http://www.1mobile.com/
ကဲ အဲ့ဒါပြီးရင်
နောက်တစ်ခု ဒေါင်းမယ်
TunnelBear VPN ပါ 1 mobile မှာပဲ ရှိနေပါပြီ
ယခင်ကတော့ Play Store မှာပဲရှိတာပေါ့ အဲ့ကောင်လေးကိုလဲဒေါင်းလိုက်ပါ
စက်ထဲ ထည့်လိုက်ပေါ့
TunnelBear ကိုလဲ မရှာချင်တဲ့သူတွေ Direck link ပဲ ပေးလိုက်ပါတယ်ဗျာ
link - http://www.1mobile.com/
အရင်နည်းတွေနဲ့ ပြောင်းလဲ သွားတဲ့ အဓိက အချက်က
အရင် ကျွန်တော်တို့ လုပ်နေတဲ့
DroidVPN နေရာမှာ အခုကောင်လေး အစားထိုးလိုက်တာပါပဲဗျာ
DroidVPN က TUN.KO installer တွေ နဲ့ root တွေရှုပ်နေပါသေးတယ် တစ်ချို့ သူတွေ
အဲ့မှာတင် အများအပြားတစ်ပြီး ကျဆုံးကုန်ပါတယ်
အခုတော့ TunnelBear ရောက်လာပါပြီ
:)
သူလေးကိုဒေါင်းလိုက်ပါဂျာ
ကဲ အခုဆို
လိုအပ်တဲ့ 3ခု ပြီးသွားရင်စမယ်နော်
၂ခု မဟုတ်ဘူးနော် ၃ခု
(1) root ထားနေရတယ်(2)Market Unlocker ဒေါင်းပြီး install လုပ်ထားရမယ်(3)TunnelBear VPN လေးရှိရဦးမယ်
အဲ့ ၀င်ချင်တဲ့ Play Store ကတော့ ရှိလိုက်ပါဦးနော်
အဲ့ကောင်လေး မရှိပဲ ဘယ်ဝင်လို့ရမလဲ Browser နဲ့ နှစ်ပါးသွားနေရလိမ့် မယ်
:P
ကဲပြီးရင် Market Unlocker ကို ဖွင့် Home မှာEnable Unlocker ဆိုတာကို
ON လိုက် SuperUser permission လေးကို လက်ခံပေးလိုက်
Verizon(USA) ပြောင်းပေးသွားလိမ့်မယ်
ကဲ Marker Unlocker တာဝန်ပြီးပြီ
နောက်တစ်ခု TunnelBear လေးကို ဖွင့် သူ့ကို ဖွင့်ရင်
Log in လုပ်ခိုင်းလိမ့်မယ်
Create A free account ကိုရွေးပြီး ကို့ email နဲ့ အကောင့်အသစ်လုပ်လိုက်ဂျာ
ပြီးရင် ကို့မေးထဲဝင်ပြီး Comfim လုပ်ပေးလိုက်
သုံးလို့ရပါပြီ
သူက တော့ Log in 0င်လိုက်ရင် US နဲ့ UK နှစ် မျုးထဲ ပဲ
ဒါပေမဲ့ မိတ်ဆွေတို့ အကြိုက်ဆုံးဖြစ်တဲ့ လိုင်းပြုတ်မသွားတဲ့ SPEED နဲ့
အသေချာဆုံးတာဝန်ကို ထမ်းဆောင်ပေးထားတယ်
ကဲ ပြောနေရတာ ကြာပါတယ်
switch ကို 0n ပေးထားလိုက်တော့
ပြီးရင်
Play Store ရဲ့ DATA ရှိပြီးသားတွေ သွားဖျက်လိုက်ဗျာ
အဆက်ဟောင်းကို အလို မရှိတော့ဘူး မလား
အရင်က သုံးမရတဲ့ ဟာကို မမြင်ချင်ဘူးဆိုတဲ့ သဘောလေးကို
Setting>application>all>Google play ကို ၀င်ပြီး
Clear Data လုပ်ပြီး ဆန္ဒလေး ဖော်ထုတ်လိုက်ဂျာ
ပြီးရင် Play Store ကို ၀င်လိုက်
Agree လာတောင်းလိမ့်မယ်
OK ပေးလိုက်တော့
ဝုန်း ဒိုင်း ဆိုပြီး ပုံလေးတွေ ပေါ်မလာရင်တောင်
ဖတ် ဖတ် ဖတ် ဆိုပြီး ပုံလေးတွေ ပေါ်လာလိမ့် မယ်
သေချာသွားအောင် file size နည်း တဲ့ app လေး စမ်းဒေါင်းကြည့်ဗျာ
ခဏ ကြာရင် install ပါလုပ်ပြီးကြောင်းတွေ့ရလိမ့်မယ်
ပြီးပြီ ဆိုတာ သယ်ချင်း မိတ်ဆွေ တို့ သိကြပါသလား
မသိရင် ပြန်ပြောမယ် Play Store 0င်လို့ပြီးပြီ
:P
ကဲ အခုတင်လိုက်တဲ့ ပိုစ့်က တော်တော် ပြောင်းလဲ မသွားပါဘူး
အရင် အတိုင်းပဲကို တစ်နေ့ထက်တစ်နေ့ researchလုပ်ရင်း update ထွက်လာတဲ့ သဘောပါ
Drovid VPN နေရာမှာ သုံးရလွယ် အလွန်ကောင်းတဲ့TunnelBear လေးပြောင်းလဲ ဆက်ခံလာပါတယ်
TunnelBear ရဲ့ အားသာချက်များကတော့--
-သူ့ အတွက် root မလိုခြင်း
-Time Out မရှိသလောက်ရှားခြင်း
-Mpt ၏ စုတ်ပြတ်သော ကော်နက်ရှင်အား ဆက်လက် စုတ်ပြတ်မနေအောင်
ထိန်းသိမ်းပေးထားခြင်း
-US Proxy ကို သုံးထားခြင်းအားဖြင့် Play Store သာ မက USA တွင်း ရောက်နေသောလူတစ်ယောက် လို MPT ၏ ပိတ်ထားသော website များကို ပင် ကြည့်ရှု နိုင်ခြင်း
-DroidVPN လိုမဟုတ်ပဲ မိမိနှစ်သက်သော Password ဖြင့်လုပ်နိုင်ခြင်း
တို့ပါပဲ
အားနည်းချက်ကတော့ တစ်လမှ 500MB ပဲ ရပါတယ် အဲ့ဒါတစ်ခု ကြောင့် သယ်ရင် အပေါင်း
စိတ်ညစ်ကြောင်း နဲ့ ရင်ဆိုင်ရပါလိမ့်မယ်
အဲ့အတွက်ဖြေရှင်းချက်က အကောင့်လေးငါခုနဲ့ ၀င်လိုက်ပေါ့ဗျာ
အဲ့ဒါဆို အဆင်ပြေမယ်လို့ ထင်ပါတယ်တစ်ချို့ Version နိမ့်တဲ့သူတွေ ရချင်မှ ရပါလိမ့်ဦမယ်ဗျာ
Update လေးကို အဆင်ပြေပြေ သုံးနိုင်ပါစေဗျာ
အများစု ရပေမဲ့ လူတိုင်းမှာ ဘယ်ရနိုင်မလဲ နော်
အဲ့အတွက် Google Play ကို လွယ်လွယ်နဲ့ ၀င်နိုင်အောင်
research လေးများ လုပ်သွားပါဦးမယ်
ဒီနည်းနဲ့ မရရင်လဲ ဇွဲ မလျော့ ပါနဲ့ ဦးဗျာ တခြားနည်းလေးတွေ နဲ့ စမ်းကြည့်ပါလို့ ပြောချင်ပါတယ်
ကဲ Android Mobile User အားလုံး အထူးသတိ
-ငါတို့ Google Play ကို ၀င်ချင်ကြတယ်
-ငါတို့ ၀င်ဖို့ နည်းလမ်းရှာကြတယ်
-အဆင်ပြေတဲ့ နည်းနဲ့ ၀င်ကြမယ်
-တစ်ချို့ ကျော်ဝင်ရမယ်
-တစ်ချို့ လေးဖက်ထောက် ၀င်ရမယ်
-တစ်ချို့ တွားသွားပြီးမှ ၀င်ရမယ်
-ဘယ်နည်းနဲ့ ဖြစ်ဖြစ် ရအာင်ဝင် ရောက်အောင်သွား ရအောင် ဒေါင်းကြမယ်
-ဒါတို့ ရဲ့ ရန်သူတော်ကြီး MPT ကိုလဲ ရအောင် ကျော်ဖြတ်ရမယ်
ဟီးးး
Huawei ရလားအကို
ReplyDelete