Samsung
Galaxy W I8150 ကို Root နည်းပါ။
နည်းလမ်း(၁)>>>>>>>
ပထမဆုံး အောက်ကကောင်လေးကို
ယူလိုက်ပါ။
ဒေါင်းလို့
ရလာတဲ့ update.zip လေးကို ဖုန်းရဲ့ SD Card ထဲကို ထည့်ထားပါ။
Stock
Recovery ကနေ flash လုပ်ရမှာ ဖြစ်ပါတယ်။ Custom တင်ထားတဲ့သူများကတော့ Stock
Recovery ပြန်တင်ပေးမှ အဆင်ပြေပါမယ်။
အရင်ဦးဆုံး
ဖုန်းကို Power ပိတ်ထားပါ။ ၁၀စက္ကန့်လောက်ပေါ့နော်။ ပြီးရင် (Vol Up + Power +
Home) သုံးခုစလုံးကို ဖိထားပါ။ Samsung Galaxy ဆိုပြီး Screen စတက်လာတာနဲ့ တစ်ပြိုင်နက်
Power ကို လွတ်လိုက်ပါ။ (Vol Up နဲ့ Home ကိုတော့ ဆက်ဖိထားရမယ်နော်။) Android စက်ရုပ်ပုံလေး
ပေါ်လာတာနဲ့ Key အားလုံးကို လွတ်လိုက်ပါ။
အပေါ်က ပုံလေးနေရာရောက်ရင်
Menu key ကို နှိပ်လိုက်ပါ။ Screen ဘာမှ မပေါ်တော့ပဲ ဖြစ်နေပါမယ်။ စိတ်ရှည်ရှည်ထားပြီး
စောင့်ပေးပါ။ Recovery Mode ထဲကို ၀င်သွားပါလိမ့်မယ်။ Recovery Mode မှာ (Vol Down
& Vol Up)က (Up & Down)၊ Home ကတော့ Enter အနေနဲ့ သုံးရပါမယ်။Apply
sdcard:update.zip ကိုရွေးပေးပါ။စောနက SD Card ထဲမှာ သိမ်းထားခဲ့တဲ့ update.zip ကို
ရွေးပေးပြီး install လုပ်လိုက်ပါ။ ပြီးသွားရင် Reboot System Now ဖြင့် ဖုန်းကို
Reboot လုပ်လိုက်ပါ။ ပြန်တက်လာဖို့ မိနစ်အနည်းငယ်တော့ စောင့်ရပါမယ်။ ပြီးရင်တော့ မြင်ချင်လှတဲ့
SuperUser လေးက App Center ထဲမှာ ကိုယ့်ကို ကြိုလင့်နေမှာပါခင်ဗျာ။
Samsung တွေရဲ့
ထုံးစံအတိုင်း Root လို့ ရမှတော့ Unroot လုပ်နည်းလေးကိုလည်း တစ်ခုတည်း လုပ်ကြည့်ကြရအောင်နော်။
အောက်ကကောင်လေးကို
ယူပါ။
အထက်က နည်းအတိုင်း
ကဒ်ထဲကို ထည့်မယ်။ Stock Recovery ကနေ unroot.zip ကို install လုပ်လိုက်ရုံပါပဲ။ ပြန်တက်လာရင်
Root Access မှန်သမျှ ပျောက်ရောပေါ့နော်။
နည်းလမ်း(၂)>>>>>>>
တစ်ခုတော့
ကြိုပြောပါမယ်။ ဒီနည်းလမ်းက အရမ်းလွယ်တဲ့ နည်းလမ်းလေးပါ။ ဒါပေမယ့် ၁၀၀% တော့ Sofe မဖြစ်ပါဘူး။
စပါမယ်။အရင်ဦးဆုံး ဖုန်းမှာ USB Debugging ကို On ထားပါ။( Setting >
Development > USB Debugging ကို အမှတ်ပေးပါ။) computerမှာ Driver တော့ တင်ပြီးသားဖြစ်ပါစေနော်။
သေချာအောင် ပြန်စစ်ပေးပါ။ အောက်ကကောင်လေးကို ယူလိုက်ပါ။
RappidShare Link >> Download Here
RappidShare Link >> Download Here
ရလာတဲ့ကောင်လေးကို
zip ဖြည်လိုက်ပါ။ ဖုန်းကို Computer နဲ့ ချိတ်ထားပြီး စောနက ဖြည်လိုက်တဲ့အထဲမှာ ပါတဲ့
runme.bat ဖိုင်လေးကို Right-Click နဲ့ Run as Administrator နဲ့ ဖွင့်လိုက်ပါ။commond
box လေးတက်လာပါမယ်။
ကြိုက်တဲ့ key တစ်ခုကို ရိုက်ပေးလိုက်ပါ။ သူ့ဘာသာ
လိုအပ်တဲ့ကောင်တွေကို ဆွဲတင်နေပါလိမ့်မယ်။ (၅မိနစ်ဝန်းကျင်လောက်ထိကြာပါမယ်)။စိတ်ရှည်ရှည်ထားပြီး
စောင့်ပေးပါ။ ALL DONE ဆိုတာလေး ပေါ်လာရင် အိုကေပါပြီ။
ဖုန်းကို Restart ချလိုက်ပါ။ ပြန်တက်လာရင် SuperUser ရောက်နေပါပြီ။ SuperUser ကို
Update လုပ်ပေးလိုက်ပါ။ Rooting ပြီးဆုံးသွားပါပြီ။
Unroot ပြန်လုပ်ဖို့အတွက်ကတော့
အောက်ကကောင်လေးကို ယူပါ။
အထက်ကအတိုင်းပဲ
အားလုံးစစ်ပြီး အိုကေပြီဆိုရင် runme-UNROOT.bat လေးကို Run ပေးလိုက်ပေါ့နော်။ လွယ်လွယ်လေးပဲ။
ကဲ အားလုံးပဲ အဆင်ပြေကြပါစေနော်။
ကဲ အားလုံးပဲ အဆင်ပြေကြပါစေနော်။
ဒီကောင်လေးကို .pdf အနေနဲ့ ယူချင်သူများ ဒီမှာ ယူပါ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။WE
LOVE SHARING။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
No comments:
Post a Comment
မိတ်ဆွေတို့ရဲ့ အကြံပေးချက်တစ်ခုက ကျွန်တော်တို့ရဲ့ ရှေ့ဆက်ရမယ့် အင်အားတွေပါ။