Samsung Galaxy Note 10.1 GT-N8000, GT-N8010, GT-N8013 စတာတွေကို Root ကြရအောင်ဗျာ။
Driver လိုရင် ယူပါ။ Driver
အရင်ဆုံး ဒါလေးကို ဒေါင်းလိုက်ပါ။
Donload Here
အဲဒီထဲမှာ ဖိုင် လေးခု ပါပါမယ်။
1.odin3 v1.85.exe
2.Odin3.ini
3.HighOnAndroidCWMRecoveryGTN8000.tar
4.CWM-SuperSU-v0.94.zip
အဲဒီလေးခု ပါပါမယ်။
အရင်ဆုံး ဖုန်းကို USB Debugging On ပါ။
ပြီးရင် ဖုန်းကို Computer နဲ့ ချိတ်လိုက်ပါ။
စောနက ဒေါင်းလို့ ရတဲ့ လေးခုထဲက CWM-SuperSU-v0.94.zip ကို ဖုန်းရဲ့ internal SD ထဲသို့ ထည့်ပါ။
ပြီးလျှင် Downloading Mode သို့ ၀င်ပါ။
Downloading Mode သို့ ၀င်ရန် Vol Down နှင့် Power key နှစ်ခုလုံးအား ဖိထားပါ။
Warning! ဆိုသော Page တက်လာလျှင် လွတ်လိုက်ပါ။
ထိုနောက် ဆက်လက် လုပ်ဆောင်ရန် Vol Up အား တစ်ချက် နှိပ်ပါ။
Downloading ဆိုသော logo လေးနှင့် Downloading Mode အား ၀င်သွားပါပြီ။
ကဲဒါဆိုရင်တော့ Computer မှာ စောနက ဒေါင်းထးတဲ့ Odin3 v1.85.exe ကို run လိုက်ပါ။
Added ဆိုတဲ့ Odin message box လေး ပြပါမယ်။ အကယ်၍ မပြခဲ့ဘူး ဆိုရင်တော့ Driver လိုနေတယ်လို့
သတ်မှတ်ရပါမယ်။ Driver ပြန်သွင်းပါ။
Odin ရဲ့ ID:COM ဆိုတဲ့ ပထမဆံး အကွက်ထဲမှာ ဖုန်းရဲ့ Locationကို အ၀ါရောင်လေးနှင့် ပေါ်နေပါမယ်။
PDA ကိုနှပ်ပါ။နှိပ်လိုက်တာနဲ့ HighOnAndroidCWMRecoveryGTN8000.tar ကို ပြပါလိမ့်မယ်။
မပြခဲ့ဘူးဆိုရင်လည်း HighOnAndroidCWMRecoveryGTN8000.tar ကို ညွှန်းပေးလိုက်ပါ။
ပြီးရင် Start ကိုနှိပ်ပါ။ သူ့ဘာသာ ဆက်လုပ်နေပါမယ်။ ဖုန်းက Auto Restart ကျသွားပြီး Odin မှာ Pass
ဆိုတဲ့ message တက်လာပါမယ်။ အဲဒါဆိုရင်တော့ ဖုန်းကို Computer မှ ဖြုတ်လိုက်ပါ။ Power ပိတ်လိုက်ပါ။
ထိုနောက် Vol Up နှင့် Power အား တွဲ၍ ဖိထားပါ။ ဖုန်းရဲ့ Screen တက်လာတာနဲ့ တစ်ပြိုင်နက် Power key
တစ်ခုတည်းကိုသာ လွတ်ပြီး Vol Up ကို ဆက်၍ ဖိထားပါ။ Clockmode Recovery Mode သို့
ရောက်သွားပါမည်။ Up & Down ကို Vol Down နှင့် Vol Up key ကို သုံးပါ။ Enter အတွက် Power key ကို
သုံးပါ။ install ZIP from SD card ကိုရွေးပါ။ နောက်ထပ်Page တစ်ခုကိုရောက်ပါမယ်။ Choose Zip From
SD card ကို ရွေးပါ။ ကျွန်တော်တို့ ပထမဆုံးတုန်းက ဖုန်းရဲ့ internal SD ထဲကို ထည့်ခဲ့တဲ့ CWM-SuperSUv0.94.
zip ကို ရွေးပါ။ နောက်ထပ် page တစ်ခုမှာလည်း ၄င်း zip ဖိုင်ကို ရွေးပြီး confirm လုပ်ပေးလိုက်ပါ။
Install လုပ်နေပါလိမ့်မယ်။ Installataion Completed ဖြစ်သွားပြီ ဆိုရင်တော့ Back နဲ့ ပြန်ထွက်ပြီး Reboot
System Now လုပ်ပါ။ ပြန်တက်လာလျှင်တော့ ဖုန်းရဲ့ app center ထဲမှာ SuperSU လေး
ရောက်နေပါလိမ့်မယ်။ အင်တာနက်ကိုဖွင့်ပါ။ SuperSU ကိုဝင်၍ continue လုပ်ပေးလိုက်ပါ။
အင်တာနက်မရှိတဲ့ သူများကတော့ SuperSU ကို Update လုပ်ပေးဖို့ menually ဒေါင်းထားဖို့တော့ လိုပါမယ်။
ဒါဆိုရင်တော့ Rooting ပြီးပါပြီ။
အဆင်ပြေကြပါစေနော်။ဒါလေးကို.pdf အနေနဲ့ လိုချင်သူများ ဒီမှာ ယူပါ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။WE LOVE SHARING။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
No comments:
Post a Comment
မိတ်ဆွေတို့ရဲ့ အကြံပေးချက်တစ်ခုက ကျွန်တော်တို့ရဲ့ ရှေ့ဆက်ရမယ့် အင်အားတွေပါ။