လာရောက်လည်ပတ်ကြသော သူငယ်ချင်း မိတ်ဆွေများအားလုံးကို ကြိုဆိုပါတယ်။ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့လည်း ပြည့်စုံကြပါစေ။

Sunday, December 16, 2012

U8825D အတွက် Root လုပ်နည်းလေးဗျာ။

SHH | 3:42 PM | Best Blogger Tips


ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်သေးတဲ့ U8825D အတွက် Root လုပ်နည်းလေးဗျာ။

ပထမဆုံးကတော့ Unlock Code တောင်းရပါမယ်။ အဲ လိုအပ်တဲ့ information လေးတွေတော့ လိုပါမယ်။
1.  Serial Number (သူကတော့ ဖုန်းရဲ့နောက်ကျောဘက် Battery ကို ဖြုတ်ကြည့်လိုက်ရင် တွေ့ရပါမယ်။)
2.  IMEID (သူ့ကို ကြည့်ဖို့ကတော့ ဖုန်းခေါ်တဲ့ Dialpad မှာ *#06# ကို ရိုက်လိုက်ရင် ပေါ်လာတဲ့ စာတန်းနှစ်ခုထဲက အပေါ်က ကောင်ကိုပဲ သုံးရမှာဖြစ်ပါတယ်။)
3.  Product ID (သူ့ကို ကြည့်ဖို့ကတော့ ဖုန်းခေါ်တဲ့ Dialpad မှာ *#*#1357946#*#* ကို ရိုက်လိုက်ရင် တွေ့ရမယ့် ဂဏ္ဍန်း 8 လုံးပါနော်။)
4. Email Address တစ်ခုရယ် ရှိရပါမယ်။
ကဲဒါတွေ ပြည့်စုံပြီ ဆိုရင်တော့ www.huaweidevice.com/cn/servicePolicy.do?method=toApplyUnlock ကို သွားရပါမယ်။
ဒီလိုလေးတွေ့ရပါမယ်။




နောက် Page တစ်ခုကို ရောက်ပါလိမ့်မယ်။ အဲဒီမှာ အောက်မှာကျွန်တော် ပြပေးထားတဲ့အတိုင်း လိုက်ပြင်ပေးရပါမယ်နော်။

ဒါဆိုရပါပြီ။ ကိုယ့်မေးလ်ထဲကို Unlock Code ပြန်ရအောင် စောင့်ရပါတော့မယ်။ သုံးရက်ဝန်းကျင်လောက်ထိ ကြာတတ်ပါတယ်ခင်ဗျာ။
ကိုယ့်မေးလ်ထဲကို Unlock Code ပြန်ရပြီ ဆိုရင်တော့ Root ဖောက်ဖို့ စပါမယ်။အဆင့်သုံးဆင့်ရှိပါတယ်။
အဆင့်(၁)  Unlock ဖြည်ရပါမယ်။ အရေးကြီးတဲ့ ဖုန်းနံပါတ်တွေ Data အားလုံးကို backup ယူထားပါနော်။ ပထမဆုံး လိုအပ်တာလေးကို ယူပါမယ်။  အောက်ကကောင်လေးကို ယူပါ။

Dropbox Link >> Download Here
Box Link >> Download Here
 
ပြီးရင် ဖုန်းမှာ Setting>fastboot ကို Off လုပ်ပါမယ်။ နောက်တစ်ခုက Setting>Developer options ထဲက USB Debugging ကို အမှန်ခြစ်ပေးပါ။ Computer မှာ Driver သွင်းပြီးသားတော့ ဖြစ်ပါစေနော်။ မသွင်းရသေးရင် သွင်းပါ။ မရှိသေးရင် Driverတွေ ဒီမှာ ရှာပါ။  သွားယူပါနော်။
ပြီးသွားပြီဆိုရင်တော့ ဖုန်းကို ပါဝါပိတ်ပါ။ Battery ဖြုတ်ပြီး ၅စက္ကန့်လောက်ထားပါ။ ပြီးရင် Fastboot ၀င်ပါ။ (Vol Down + Power ကို Logo တွင် တန့်နေအောင်ထိ ဖိထားဖို့ကို ပြောတာပါ။)
Logo မှာ ရပ်နေတာ သေချာပြီ ဆိုရင်တော့ ဖုန်းကို Computer နဲ့ ချိတ်လိုက်ပါ။ Desktop ရဲ့ ညာဘက်အောက်ခြေမှာ USB  New device တွေ့ကြောင်း သေချာပါစေနော်။ စောနက ယူထားတဲ့ကောင်လေးကို Run လိုက်ပါ။

Unlock Code 16 လုံးကို ရိုက်ပြီး Enter ခေါက်ပေးလိုက်ပါ။ စောင့်နေလိုက်ပါ။ဖုန်းဟာ Restart ကျသွားပါမယ်။ Auto Cache Clear လုပ်နေပါမယ်။ အဲဒီအတွက် ဖုန်း ပြန်တက်လာရန် ၅မိနစ်ဝန်းကျင်အထိ ကြာမြင့်ပါမယ်။ စိတ်ရှည်ရှည်ထားပြီး စောင့်ပေးပါ။ ပြန်တက်လာရင် ဖုန်းဟာ Factory Reset ချထားသလို Builtin app တွေပဲ ကျန်တော့တာကို တွေ့ရပါမယ်။ Unlock လုပ်ခြင်း ပြီးပါပြီ။
အဆင့်(၂) CWM (Custom Recovery Mode) ကို သွင်းပါမယ်။အောက်ကကောင်လေးကို ယူလိုက်ပါ။

Dropbox Link >> Download Here
Box Link >> Download Here
 
ဖုန်းကို စောနက အဆင့်(၁)မှာ ပြောခဲ့တဲ့အတိုင်း USB Debugging On ပါ။ Fastboot ကို Off ပါ။
ပြီးရင် ဖုန်းကို ပါဝါပိတ်၊ Battery ဖြုတ်ပြီး ၅ စက္ကန့်လောက်ထားပါ။ ပြီးလျှင် Fastboot ကို အဆင့်(၁)ကနည်းအတိုင်း ၀င်ပေးပါနော်။
စောနလေးက ဒေါင်းလို့ ရလာတဲ့ကောင်လေးကို Run လိုက်ပါ။ Waiting for device လို့ ပြအောင်အထိ Enter ကိုပဲရိုက်ပေးလိုက်ပါ။ Waiting for Device ပြနေပြီဆိုရင်တော့ ဖုန်းကို Computer နဲ့ ချိတ်လိုက်ပါ။ Command Box လေးက သူ့ဘာသာ ဆက်လုပ်နေပါမယ်။ ဖုန်းRestart ကျသွားပါမယ်။ CWM သွင်းခြင်း ပြီးပါပြီ။ CWM ကို ၀င်ရန် အဆင့်(၁)ကအတိုင်း ဖုန်းကို ပိတ်ပါ။ (Vol Up + Power) ကို ဖိထားပြီး Recovery Mode သို့ ၀င်နိုင်ပါတယ်။
အဆင့်(၃) Rooting စတင်ပါတော့မယ်နော်။ အောက်ကကောင်လေးကို ယူပါ။

Dropbox Link >> Download Here
Box Link >> Download Here
 
ဒေါင်းလို့ ရလာတဲ့ကောင်ကို zip ဖိုင် အတိုင်း SD Card ထဲကို ထည့်ပါ။ ပြီးရင် ဖုန်းကို ပါဝါပိတ်ပြီး Recovery Mode ကို ၀င်ပါမယ်။ Installed zip from SD ရွေးပါမယ်။(Recovery Mode မှာ Vol down & Vol up = Up & Down, Enter = Power သုံးရပါမယ်။) စောနက ကဒ်ထဲမှာ ထည့်ထားတဲ့ root_u8825d.zip ကို ရွေးပေးပြီး install လုပ်ရပါမယ်။ Complete ဖြစ်သွားပြီ ဆိုရင်တော့ Reboot System Now နဲ့ Reboot လုပ်ပေးလိုက်ပါ။ ပြန်တက်လာရင်ဖြင့် Rooting ပြီးဆုံးပါပြီ။ App Center ထဲမှာ SuperUser လေးကို တွေ့ရပြီပေါ့နော်။
အားလုံးပဲ အဆင်ပြေကြပါစေနော်။

ဒီ Post လေးကို .pdf အနေနဲ့ လိုချင်သူများ ဒီမှာ ယူနိုင်ပါတယ်။

2 comments:

  1. Huawei U8825D ROOT ဖောက်တော့မယ်ဆိုရင် Handset ထဲတွင် SIM ကဒ် ထဲ့ထားရပါသလား

    ReplyDelete
    Replies
    1. ရပါတယ်ခင်ဗျာ။ SIM Card နဲ့ Root နဲ့က မသက်ဆိုင်ပါဘူးခင်ဗျာ။

      Delete

မိတ်ဆွေတို့ရဲ့ အကြံပေးချက်တစ်ခုက ကျွန်တော်တို့ရဲ့ ရှေ့ဆက်ရမယ့် အင်အားတွေပါ။